You are here
Home > ၶၢဝ်ႇ > ၵူႈလွင်ႈလွင်ႈ > ဟိုင်းပါသွားလမ်းတွင် လူသတ်မှုဖြစ်စဥ် စုံစမ်းစစ်ဆေးတွေ့ရှိချက် အပေါ် SSPP/SSA ရှင်းတမ်းထုတ်

ဟိုင်းပါသွားလမ်းတွင် လူသတ်မှုဖြစ်စဥ် စုံစမ်းစစ်ဆေးတွေ့ရှိချက် အပေါ် SSPP/SSA ရှင်းတမ်းထုတ်

ပြီးခဲ့သည့် 6.6.2019 ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ယောက်က ဒဏ်ရာပျင်းထန်စွာဖြင့် ၀မ်ဟိုင်းဒေသဖွံ့ဖြိုးရေး ပြည်သူ့ဆေးရုံတွင် ည ၈နာရီ ၁၈ မိနစ်အချိန် အသက် လွတ်ထွက်သွားခဲ့ရပါတယ်။
အဲဒီဖြစ်စဥ်နှင့်ပတ်သက်ပြီး တိုင်းရင်းသားအမည်ခံ မသမာလူတစ်စုက SSPP/SSA အိုးမြည်း သုတ်ရန်ကြံစည်ပြီး မဟုတ်မမှန် အခြေအမြစ်မရှိပဲ တစ်ဖက်သတ်စွပ်စွဲရေးသားပြီး Online ပေါ် ပလူပြန့် နေအောင် တင်ခဲ့တာကို တိုင်းရင်းသားအပေါ် မရိုးသားမှုကို ပေါ်လွင်စေပါသည်။


မိမိSSPP/SSA သည် တော်လှန်ရေးစတင်ပေါ်ထွက်ကတည်းက ဟိုင်းပါဒေသရှိ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခဲ့ အစဥိအလာရှိခဲ့ပါသည်။ SSPP/SSA မူပေါ်လစီ သည်လည်း ရှမ်းပြည်တွင်းရှိ မှီတင်းနေထိုင်သော လူမျိုးဘာသာ သာသနာမရွေး အသက်စီးဇိမ်အိုးအိမ် ကာကွယ်ရန် အသိအကျပြဌာန်းထားသည်။
ဖြစ်စဥ်အပေါ်အခြေခံပြီး အဖက်ဖက်မှ စုံစမ်းစစ်ဆေးခဲ့ရာ စိုင်းလုံကျောက်(သေဆုံးသူ) အခင်းဖြစ်သည့်နေ့တွင် အမျိုးသမီးနှစ်ယောက်(အမည်၊ နေရပ် မသိရ) ဖြားယောင်းသွေးဆောင်မှုဖြင့် ဟိုင်းပါရေတံခွန် သွားလည်ရန်အကြိမ်ကြိမ် ခေါ်သည်ဟုသိရသည်။ လွန်ခဲ့သည့် ၃-၄ ရက်(ဖြစ်ပွားမှုမတိုင် ခင်) တွင်လည်း ကေတီ၀ီဆိုင်သွားရန် ချိန်းဆိုခဲ့သည်ဟုသိရသည်။


၀၆.၀၆.၂၀၁၉ ရက် ပစ်ခတ်မှုဖြစ်ပွားချိန် ညနေ(၄း၁၅)နာရီဖြစ်သည်။ အမျိုးသမီး(၂)ယောက် စီးလာသည့်ကား(ဖေါ်ဂျွန်းနား အဖြူရောင်)နှင့် နောက်တစ်စီး(REVO)အဖြူရောင်(သေနတ်သမားစီးလာ) ကားက အရင်ရောက်ပြီး ပစ်ခတ်ဖို့ကြိုတင်စီစဥ်ထားသည်ဟု စုံစမ်းသိရှိရသည်။
စိုင်းလုံကျောက်ကားရောက်လာသည်နှင့်တစ်ပြိုင်နက် M16 သေနတ်ဖြင့် အချက်(၂၀)၀န်းကျင် ပစ်ခတ်ပြီး ကားမောင်းသူ ဒဏ်ရာရကာ ကားလမ်းဘေးသစ်ပင်နှင့်၀င်တိုက်ခဲ့ရာ ကားရပ်သွားခဲ့သည်။ သေနတ်သမားများက ရပ်ထားသည့်ကားနားရောက်လာပြီး စိုင်းလုံကျောက်ဘယ်သူလဲ လို့မေးခဲ့ရာ ကား တွင်းပါလာ၄ ဦးသည် တစ်ဦးပြန်မပြောရဲငြိမ်နေခဲ့သည်။ သေနတ်သမားများက သူတို့ဖုန်းထဲတွင် ပြန်ကြည့်ပြီး စိုင်းလုံကျောက်က ဒီကောင်ပဲ ခေါ်သွားရမလားလို့ သူတို့အချင်းချင်းမေးခဲ့သည်။ သေနတ် သမား ဦးဆောင်သူ(ခန့်မန်း)က ‘ခေါ်မနေနဲ့ ဒီမှာအပြတ်ရှင်းလိုက်” ဆိုပြီး စိုင်းလုံကျောက်၏ ဦးခေါင်းကို ဘယ်ဘက်မှ ညာဘက်သို့ ပစ်ခတ်ခဲ့သည်။
စိုင်းလုံကျောက်သည် ဒဏ်ရာပြင်းထန်စွာဖြင့် ချက်ချင်းအသက်မဆုံးပဲ ဟိုင်းပါကသူငယ်ချင်းတစ် ယောက် ရောက်လာပြီး ၀မ်ဟိုင်းပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့သည်။ စိုင်းလုံကျောက် သူငယ်ချင်းနှင့်ကားသ မား(ဒဏ်ရာရသူ)က မိုင်းရှူးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သည်။ စိုင်းလုံကျောက်သည် ၀မ်းဟိုင်း ပြည်သူ့ဆေးရုံတွင် ဆွေမျိုးညာတိကာများရောက်လာပြီး တစ်နာရီကျော်ကာ အသက်ဆုံးရှုံးသွားခဲ့သည်။
စိုင်းလုံကျောက်သည် နန်းယုံဆိုသူ အိမ်ထောင်သည်အမျိုးသမီးနှင့် သမီးရည်းစားလိုနေသည်ဟု နန်းယုံ၏လင်(အမျိုးသား) စိုင်းစောဟန်ကစွပ်စွဲပြီး ပြဿနာရှိခဲ့သည်။ စိုင်းစောဟန်နှင့်နန်းယုံသည် တန့် ယန်းမြို့ ရပ်ကွက်(၂)တွင် နေထိုင်ခဲ့ပြီး အိမ်ထောင်ရေး အရှင်မပြေမှုကြောင့် ၂၄.၅.၂၀၁၉ ရက်နေ့တွင် လင်မယားကွာရှင်းကြောင်း တရား၀င်လက်မှတ်ရေးထိုးခဲ့သည်ဟု နန်းယုံက ၀န်ခံခဲ့သည်။


ပစ်ခတ်မှုမဖြစ်ခင် စိုင်းစောဟန်နှင့် စိုင်းလုံကျောက်သည် Facebook Online ပေါ် ဆဲရေးတိုင်းထွာ ရန်ရှာစိန်ခေါ်မှုမျိုးစုံကို စိုင်းစောဟန်နှင့် စိုင်းလုံကျောက် Facebook စာမျက်နှာတွင် ၀င် ရောက်ကြည့်ရှုနိုင်သည်၊ စိုင်းစောဟန် ဖေ့ပုတ်-Sai Saw Hun, စိုင်းလုံကျောက် ဖေ့ပုတ်=Long Kyeaw
ဟိုင်းပါရေတခွန် သွားလမ်း ပစ်ခတ်သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး SSPP/SSA ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ‘စိုင်းလုံကျောက် ဟိုင်းပါသွားလမ်းပေါ်ပစ်သတ်ခံရမှုသည် မိမိ SSPP/SSA နှင့်မပတ်သက် ကြောင်း၊ စိုင်းစောဟန်နှင့်စိုင်းလုံကျောက်လည်း မိမိအဖွဲ့အစည်းနှင့် လုံး၀ပတ်သက်မှုမရှိကြောင်း၊ ပစ်မှု ကျူးလွန်သူကိုဖမ်းဆီးနီုင်ရန် စုံစမ်းထောက်လှမ်းနေဆဲပါပဲ၊ ဟိုင်းပါရေတခွန် သဘာ၀အလှတရား သွား ရောက်ရှုစား အပန်းဖြေလိုသူများ အရင်ကလိုသွားလာနိုင်ကြောင်း”ဟု ပြောခဲ့ပါသည်။

Top